top of page
Search
Writer's pictureThant Myint-U

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် ဟောပြောပွဲ အမှာစကား

Updated: Jun 23, 2020

28 May 2018


အေဒီ ရာစုတွင် တရုတ်သံအဖွဲ့သည် ပင်လယ်သို့ ထွက်ပေါက်လမ်းကို ရှာဖွေရန် အနောက်တောင်အရပ်သို့ ခရီးထွက်လာခဲ့သည်။ ဒီယန်ဘုရင် (ယနေ့ ယူနန်-မြန်မာ နယ်စပ်အနီးတည်ရှိ)သည် တရုတ်သံအဖွဲ့ကို ဖြတ်သန်းခွင့် မပေးခဲ့ချေ။ နောင် နှစ်တစ်ရာအတွင်း ရိုမန်အင်ပါယာမှ အိန္ဒိယကို ဖြတ်ကျော်ကာ တရုတ်သို့ ရောက်ရှိနိုင်သော နိုင်ငံတကာ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းများ ပေါ်ပေါက်လာခဲ့သည်။ မြန်မာသည် ခေတ်နောက်ကျကျန်ခဲ့ရသည်။ ဒီယန်ဘုရင်၏ ဆုံးဖြတ်ချက်ကိုလည်း နားလည်နိုင်ပါသည်။ သူသည် သူ့ကိုယ်ပိုင်ကုန်သွယ်ရေးလမ်းကြောင်းငယ်များကို ကာကွယ်လိုခဲ့သည်။ သို့သော် သူကား ပြင်ပကမ္ဘာလောက၏ ပိုမိုကြီးမားသော အလားအလာကို မမှန်းဆကြည့်နိုင်ခဲ့ပေ။

ယနေ့မြန်မာပြည်သည် စိန်ခေါ်မှု အမြောက်အမြားနှင့် ရင်ဆိုင်နေရပါသည်။ တိုင်းပြည်မှာ ကမ္ဘာကြီးနှင့် မျိုးဆက်များစွာ ဝေးကွာနေခဲ့ပါသည်။ လက်နက်ကိုင် ပဋိပက္ခများနှင့် နိုင်ငံရေးကပ်ဆိုက်မှုများ ဖြစ်ပွားနေခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့သည်။ ထိုစဉ် ၂၀၁၁ ခုနှစ်တွင် အကြပ်အတည်းမှ လွှတ်မြောက်နိုင်ဖွယ်ရာ အဖြစ်အပျက်တစ်ခု ပေါ်ပေါက်ခဲ့သည်။ ဒီကနေ့တွင် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆိုင်ရာ ရင်ကြားစေ့ရေးအတွက် အလားအလာရှိလာပါသည်။ ယနေ့ အစိုးရတွင် NLD၊ တပ်မတော်ပိုင်းနှင့် အခြားသူများ ပါရှိနေပါသည်။ သို့သော် တစ်တောင်ကို ဖြတ်ကျော်ပြီးနောက် နောက်ထပ် တက်စရာ တောင်များစွာရှိနေသည်ကို ရှင်းရှင်းလင်း သိရှိလာရသည်။ လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာ ဗြိတိသ ျှလက်ထက်ကတည်းက လှိုဏ်စားကျန်ရှိနေသော ပြဿနာများရှိနေပါသေးသည်။

အိမ်တွင်းရေးပြဿနာများကို ဦးစွာဖြေရှင်းရမည့် အချိန်ဟု ယူဆမိပါသည်။ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုများ၊ နိုင်ငံ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် နိုင်ငံရေး ပြဿနာများစသည်တို့ကို ကိုင်တွယ်ဖြေရှင်းရမည် အချိန်ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေနှင့် မိမိအိမ်တွင်းရေးကိစ္စများကို အစီအစဉ်တကျ ဖြစ်အောင် ပြုလုပ်ပြီး အထိအခိုက်မခံသော အကူးအပြောင်းလုပ်ငန်းများ ဆက်လက်အကောင်အထည် ဖော်ရမည်ဖြစ်သည်။ လာမည့် ရွေးကောက်ပွဲများ ကျင်းပကာ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီဆီသို့ လမ်းကြောင်း အခိုင်အမာတည်ဆောက်ရန် အချိန်ဖြစ်ပါသည်။

တစ်ချိန်တည်းတွင် ကမ္ဘာကြီးသည် ဒီအတိုင်း ရပ်နေလိမ့်မည် မဟုတ်ပါ။

ကျွနု်ပ်တို့အားလုံး မကြုံစဖူး အပြောင်းအလဲ မြန်သောခေတ်၊ မသေချာ မရေရာသော ခေတ်ကာလတွင် နေထိုင်နေကြရပါသည်။ လွန်ခဲ့သော ၆၅ နှစ်ကာလကျော်အတွင်း ကမ္ဘာပေါ်တွင် စီးပွားဥစ္စာများ ကြီးပွားတိုးတက်လာခဲ့သလို စာတတ်နှုန်း၊ လူ့သက်တမ်း၊ ငြိမ်းချမ်းရေး စသည်တို့ အားကောင်းလာခဲ့ပါသည်။ အင်အားကြီးနိုင်ငံများအကြား စစ်ပွဲ တစ်ပွဲမျှပင် ဖြစ်ပွားခြင်း မရှိခဲ့ပေ။ သိပ္ပံပညာနယ်ပယ် တိုးတက်လာခြင်းနှင့် နည်းပညာဆိုင်ရာ အပြောင်းအလဲများကလည်း လူသားတို့၏သမိုင်းတွင် တစ်ကြိမ်တစ်ခါမှ ယနေ့ခေတ်လောက် အရှိန်နှုန်းမြန်ခဲ့လိမ့်မည် မဟုတ်ပါ။ ထို့နောက် ကျွနု်ပ်တို့သည် လူသားများ၏ အပြုအမူကြောင့် ရာသီဥတု အပြောင်းအလဲဖြစ်ပုံကို မြင်တွေ့လာရပါသည်။ အပူချိန် ဒီဂရီကျော် ကမ္ဘာကြီး ပူနွေးလာရုံနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ကပ်ဘေးဆိုးများ သက်ရောက်စေနိုင်ကြောင်းကို အထူးသဖြင့် မြန်မာနိုင်ငံတွင် တွေ့မြင်ခဲ့ကြရပါသည်။ ကမ္ဘာကြီးသည် ရာစုနှစ် သို့မဟုတ် ခုကြာ လျှမ်းလျှမ်းတောက်ခဲ့သော်လည်း ထိုအခြေအနေအတိုင်း ဆက်လက်ရပ်တည်နိုင်မည် မဟုတ်ပါ။

တရုတ်နိုင်ငံ တိုးတက်လာခြင်းကို ကျွနု်ပ်တို့ တွေ့ရပါသည်။ အမှန်တကယ် ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုအဖြစ် ပေါ်ထွန်းလာပြီး ကမ္ဘာ့အကြီးဆုံး စီးပွားရေးတစ်ခုအဖြစ်နှင့် လူသားတို့၏ အနာဂတ်ကို ပုံဖော်နေသည်ကို မြင်တွေ့ရပါသည်။

မြန်မာနိုင်ငံအတွက် အင်အားကြီး တရုတ်နိုင်ငံဆိုသည်မှာ အဆန်းမဟုတ်ပါ။ မြန်မာနိုင်ငံအပေါ်ကို သက်ရောက်မှုမရှိခဲ့သော တရုတ်ပြည်တွင်း အပြောင်းအလဲ ကြီးကြီးမားမားဆိုသည်ကို စဉ်းစားလို့ပင် မရပါ။ ၁၂၅၃ ခုနှစ် ဒါလီတို့အား မွန်ဂိုတို့ သိမ်းပိုက်ချိန်ကတော့ ဟုတ်ချင်မှဟုတ်ပေလိမ့်မည်။ လွန်ခဲ့သော နှစ် ၁၅၀ အတွင်း ပိုမှန်ပါလိမ့်မည်။ တိုင်ပေ ပုန်ကန်မှု၊ စစ်နယ်ရှင်ကာလ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ပြီးနောက်၊ ယဉ်ကျေးမှုတော်လှန်ရေး၊ တိန်ရှောင်ပင်လက်ထက် ပြုပြင်ပြောင်းလဲရေးများ စသည်တို့အားလုံးသည် မြန်မာ့သမိုင်းအပေါ်တွင် ကြီးစွာသော သက်ရောက်မှုများ ပေးခဲ့ပေသည်။

ယနေ့ မြန်မာ့နိုင်ငံရေး ရှုပ်ထွေးကာ အပြောင်းအလဲများနေချိန် တရုတ်နယ်စပ် ခါးပတ်လမ်း အကောင်အထည်ဖော်ဆောင်ရန် အားထုတ်မှုအနေဖြင့် ယခု တရုတ်-မြန်မာ စီးပွားရေးစင်္ကကြို စီစဉ်ကြပေသည်။ မြန်မာနိုင်ငံအနေနှင့် မည်ကဲ့သို့ တုံ့ပြန်သင့်သနည်း။

ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဆီသို့ လျှောက်လှမ်းနေသော မြန်မာနိုင်ငံ၏လမ်းကြောင်းသည် လက်ရှိတွင် ရှုပ်ထွေးရန် မလိုအပ်ပါ။ ခေတ်ရှေ့ပြေးကမ္ဘာက အလိုအလျောက်စနစ်များ၊ လူသားတို့ဖန်တီးထားသော အသိဉာဏ်များ (Artificial Intelligence)၊ စက်ရုပ်များ၊ မျိုးရိုးဗီဇဆိုင်ရာ စက်မှုပညာတို့ကို စဉ်းစားနေသည့်အချိန်တွင် မြန်မာနိုင်ငံအနေနှင့်လည်း ထိုအကြောင်းအရာများအကြောင်း တွေးဖို့လိုပါသည်။ သို့သော် အရေးတကြီး ပြုလုပ်ရမည့် ကိစ္စများတော့ မဟုတ်ပါ။ မြန်မာနိုင်ငံအနေနှင့် ဆင်းရဲတွင်းမှ ထွက်နိုင်ရန် ဦးစွာအရေးတကြီးလိုအပ်နေသည်မှာ သယ်ယူပို့ဆောင်ရေးစနစ်ကောင်းများ၊ ယုံကြည်စိတ်ချရသော လျှပ်စစ်စွမ်းအင်များ ဖြစ်သည်။ ထို့အတွက် ပြည်ပရင်းနှီးမြုပ်နှံမှု ဒေါ်လာ ဘီလီယံ ဆယ်ဂဏန်းနှင့် ချီကာ လိုအပ်ပါသည်။ ထိုရင်းနှီးမြုပ်နှံမှု၏ အရင်းအမြစ်တစ်ခုမှာ တရုတ်နိုင်ငံမှ ဖြစ်ပါသည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကကြ ပို့ဆောင်ရေးယာဉ်တစ်ခုသဖွယ် ဖြစ်လာနိုင်ပါသည်။

မြန်မာနိုင်ငံအနေနှင့် ရင်ဆိုင်နေရသော ရေရှည်စိန်ခေါ်မှုကြီးနှစ်ခုမှာ ရာသီဥတုပြောင်းလဲလာခြင်းနှင့် အိမ်နီးချင်းတရုတ်နိုင်ငံ အင်အားကြီးလာခြင်းတို့ ဖြစ်ပါသည်။ ပထမတစ်ခုမှာ မကောင်းသော်လည်း ကျန်တစ်ခုမှာမူ အခွင့်အလမ်းတစ်ခုဖြစ်ပါသည်။ တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အလေးထား စီမံခန့်ခွဲခြင်းသည် အလွန်အရေးကြီးရုံသာမက မြန်မာနိုင်ငံအတွက် အလှည့်အပြောင်းဖြစ်စေမည့် ကစားကွက်တစ်ခု ဖြစ်လာနိုင်ပါသည်။ စစ်တုရင်ကစားပွဲတွင် အနိုင်ရမည့် အကွက်တစ်ခုဖြစ်ပါသည်။ အခြားသော ပြဿနာများအတွက် ဖြေရှင်းချက်များကို ရှာတွေ့နိုင်မည့် အခွင့်အရေးတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံအနေနှင့် နည်းမှန်လမ်းမှန် ဆောင်ရွက်ဖို့ပဲ လိုပါသည်။

သို့သော် ထည့်သွင်းစဉ်းစားးရာ အခြားသောကိစ္စများလည်း ကျန်ရှိနေပါသေးသည်။ ဤဆွေးနွေးပွဲသည် ထိုကိစ္စများကို စဉ်းစားရန် အချိန်အခါကောင်း တစ်ခုဖြစ်မည်ဟု မျှော်လင့်ပါသည်။ အချက်အနည်းငယ်ကို တင်ပြရမည်ဆိုလ ျှင်

(၁)ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု

မြန်မာနိုင်ငံအနေနှင့် ကုန်ကျစရိတ်နှင့် အကျိုးအမြတ်ကို အကောင်းဆုံး ဆက်စပ်တွက်ချက်ထားသည့် ငွေကြေးဆိုင်ရာ အစီအမံများကို နားလည်ရန်၊ အခြားသော ရွေးချယ်စရာ နည်းလမ်းများကိုလည်း ကောင်းမွန်စွာ သဘောပေါက်ထားရမည်။ အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများကို ပွင့်လင်းမြင်သာစွာ၊ ထိရောက်မှုရှိစွာ စီမံခန့်ခွဲနိုင်သော အရည်အသွေး ရှိရမည်ဖြစ်သည်။ အကျင့်ပျက်ချစားမှု လုံးလုံးလျားလျား မရှိသင့်ပေ။

(၂)သဘာဝပတ်ဝန်းကျင်

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ အတူလက်တွဲ၍ အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရန်၊ အသစ်တစ်ဖန်ပြန်သုံးနိုင်သော စွမ်းအင်စနစ်ကို တည်ထောင်ရန်၊ သက်ရှိဇီဝမျိုးကွဲများကို ထိန်းသိမ်းကာကွယ်ရန်၊ တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်ကူးခြင်းကို ဟန့်တားရန်၊ နှစ်ဖက်နယ်စပ်တွင် အသိပညာပေးမှုများ မြှင့်တင်ရန် အသေအချာ ဆောင်ရွက်သင့်သည်။ လိုအပ်ပါက နိုင်ငံတကာအကူအညီကို ထည့်သွင်းစဉ်းစားသင့်သည်။

(၃)ငြိမ်းချမ်းရေး

ငြိမ်းချမ်းရေးအတွက် ပြောဆိုချက်များမှာ မခိုင်မာသေးဘဲ နှစ်နိုင်ငံနယ်စပ်အနီးတွင် လက်နက်ကိုင် တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိနေသည်။ အခြေခံအဆောက်အအုံ စီမံကိန်းများသည် လက်နက်ကိုင် ပဋိပက္ခများအပေါ် သက်ရောက်မှုရှိမှာ သေချာသော်လည်း မည်ကဲ့သို့သော အကျိုးသက်ရောက်စေမည်ကို အတိအကျ မခန့်မှန်းနိုင်ပေ။ ဖွံ့ဖြိုးတိုးတက်မှုသည် ငြိမ်းချမ်းရေးကို ဖော်ဆောင်စေလိမ့်မည်ဟု ဆိုရန်မှာ အလွန်လွယ်သယောင် ထင်ရသည်။ (ငြိမ်းချမ်းရေးရပါက ဖွံဖြိုးတိုးတက်မည်ဟု ပြောဆိုချက်ကဲ့သို့ပင် ဖြစ်သည်) အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းနှင့် ပဋိပက္ခအတွင်း အားပြိုင်မှုများအကြား အကျိုးအကြောင်းဆက်နွယ်မှုများနှင့် အပေါင်းလက္ခဏာဆောင်သော ဆက်ဆံရေးကို ဖန်တီးနိုင်မည့် အကောင်းဆုံးနည်းလမ်းများကို စေ့စေ့စပ်စပ် တွက်ချက်ထားဖို့ လိုအပ်ပါသည်။ ပဋိပက္ခအကြမ်းဖက်မှုများ ဖြစ်ပေါ်လာစေနိုင်သော အရာမှန်သမျှကို ရှောင်ကြဉ်ရမှာဖြစ်သည်။ အစဉ်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများအကြောင်းကို စဉ်းစားထားဖို့ လိုအပ်ပါသည်။ တရုတ်နိုင်ငံ ရေရှည်စီးပွားရေးဆိုင်ရာ အဆက်အဆံရှိရန်၊ မြန်မာနိုင်ငံ၏ စီးပွားရေး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိရန် ဆိုသည့် မျှော်မှန်းချက်များ မြန်မာပြည်သူပြည်သားအားလုံးတွင် ရှိဖို့သည်လည်း အလွန်တရာ အရေးကြီးလှကြောင်း ယုံကြည်ပါသည်။

(၄)အမျိုးသားရေးတည်ဆောက်ခြင်း

မြန်မာနိုင်ငံတွင် အမျိုးသားရေးတည်ဆောက်ခြင်းလုပ်ငန်း အောင်မြင်ဖို့ရာ လွန်စွာမှပင် အလှမ်းဝေးနေပါသည်။ တစ်သီးတစ်သန့်ဖြစ်ကာ လက်လှမ်းမမီသော နေရာဒေသများစွာ မြန်မာနိုင်ငံတွင် ရှိနေပါသည်။ ငွေကြေးသက်သာပြီး ထိရောက်သော အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်သည် အမျိုးသားရေး တည်ဆောက်မှုအတွက် အဓိကကျလှသည်။ ပြည်တွင်းသာမက ပြည်ပ သယ်ယူပို့ဆောင်ရေးစနစ် တည်ဆောက်ရန် စဉ်းစားဖို့ လိုအပ်သည်။ ဤနေရာတွင်လည်း ကိစ္စရပ်များကို အစဉ်အလိုက် အကောင်ထည် ဖော်ရန် လိုလာပြန်ပါသည်။ နိုင်ငံတကာနှင့် သွားရေးလာရေး လမ်းကူစေရေးသည် အရေးကြီးသည်မှာ မှန်သော်လည်း ပူတာအိုမှ မြိတ်သို့၊ စစ်တွေမှ ကျိုင်းတုံသို့ လမ်းပေါက်ရန်မှာ ပိုလို့ပင် အရေးကြီးလှပါသည်။

(၅)ဒီမိုကရေစီ ယဉ်ကျေးမှု

မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းလျက်ရှိပါသည်။ အခြေခံအဆောက်အုံဆိုင်ရာ စီမံကိန်းများသည် တစ်နိုင်ငံလုံးရှိ လူ့အဖွဲ့အစည်းများအပေါ် ကြီးစွာသော အကျိုးသက်ရောက်မှုများ ပေးပါလိမ့်မည်။ မြန်မာနိုင်ငံ၏ ပေါ်ထွန်းကာစ ဒီမိုကရေစီယဉ်ကျေးမှုကို ယုတ်လျော့မသွားစေဘဲ မြေတောင်မြှောက်ပေးနိုင်မည့် အနာဂတ်လုပ်ငန်းစဉ်များနှင့် စီမံကိန်းများကို မည်ကဲ့သို့ ဆွေးနွေးတိုင်ပင်ကာ ရွေးချယ်ပါက အကောင်းဆုံးဖြစ်မည်ကို စဉ်းစားဖို့ လိုအပ်ပါသည်။

(၆)ယူနန်ပြည်နယ်နှင့် ဆွေမျိုးနီးစပ်ခြင်း

ယူနန်ပြည်နယ်ရှိ တိုင်းရင်းသားများ၊ ရာဇဝင်၊ ယဉ်ကျေးမှုသည် မြန်မာတို့အတွက် အထူးစိတ်ဝင်စားစရာ ကောင်းပေလိမ့်မည်။ ထို့ကြောင့် လူထုအကြား ဆက်ဆံရေး အားကောင်းလာရန် တွန်းအားပေးသင့်သည်။ အမေ့လျော့ခံ အချိတ်အဆက်များရှိနေပါသည်။ တူညီသော သမိုင်းကြောင်းနှင့် ရင်းနှီးအကျွမ်းတဝင်ရှိကာ နားလည်သဘောပေါက်ခြင်းသည် အခြေခံအဆောက်အအုံ တည်ဆောက်ရေးနှင့် စီးပွားရေးချိတ်ဆက်မှု အသစ်များကို ရှေ့သို့ရောက်အောင် တွန်းအားပေးနိုင်မည်ဖြစ်သည်။

(၇)အသိပညာဗဟုသုတ

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ အထူးပြုသုတေသနဟူ၍ မရှိချေ။ တရုတ်ဘာသာစကား ကျွမ်းကျင်သော အကြီးတန်းလွှတ်တော်အမတ် မရှိသလောက် ရှားပါသည်။ တရုတ်ရာဇဝင်ကို အထူးပြုလေ့လာသော မြန်မာသမိုင်း ပညာရှင်ရှိသည်ဟု မကြားမိပါ။ တရုတ်နိုင်ငံရေး၊ တရုတ်ယဉ်ကျေးမှုကို တက္ကသိုလ်များတွင် ဘာသာရပ်အနေနှင့် သင်ကြားပေးခြင်း မရှိသလို တရုတ်နိုင်ငံဆိုင်ရာ တတ်သိပညာရှင်အဖွဲ့ Think-tanks များလည်း မြန်မာနိုင်ငံတွင် မရှိပါ။ ဤအရာကို ပြောင်းလဲပစ်ရမည်ဖြစ်သည်။ တရုတ်နိုင်ငံ၏အတက်သည် တစ်ကမ္ဘာလုံးအပေါ် သက်ရောက်မှုရှိမည်ဆိုလျှင် အခြားနိုင်ငံများထက် မြန်မာနိုင်ငံက ပိုမိုအသက်ရောက် ခံရမည်ဖြစ်သည်။ တရုတ်နိုင်ငံအား ဘက်ပေါင်းစုံမှ ကောင်းမွန်စွာ သဘောပေါက်နိုင်ရန် မြန်မာနိုင်ငံအနေဖြင့် အရေးတကြီး ဆောင်ရွက်ရန် လိုအပ်ပေသည်။


137 views0 comments

Comments


bottom of page